နာရီ
အချိန်သည် လူတိုင်းအတွက် တန်ဖိုးမဖြတ်
နိုင်သောရတနာဖြစ်သည်။
Search
Latest topics
mgy.exe virus ရှင်းမယ်
Page 1 of 1
mgy.exe virus ရှင်းမယ်
တွေ့ပြီ . . အဲဒီ mgy.exe ဆိုတဲ့ ဗိုင်းရပ်စ် . .
File size က 15MB တဲ့ဗျာ . . ဘယ် upload ဆိုဒ်ကမှ လက်မခံဘူး . .
ဒီကောင်က Task manager , cmd.exe , search , regedit , Administrator account စတာတွေကို ပိတ်တယ်။ Folder option ကိုတော့ပေးဖွင့်ပါရဲ့ . . ဒါပေမယ့် Show Hidden File ကိုဘယ်လိုမှပြောင်းလို့မရဘူး ။ Apply , OK လုပ်ပြီးတာနဲ့ ပြန် hidden ဖြစ်သွားရော . . .
မန်မိုရီ စတစ်ထိုးလိုက်ရင် အဲဒီ စတစ်က မနားရတော့ဘူး . . သူ့ထဲမှာ ဖိုင်တွေထိုင်ပွါးပါလေရော . .
နောက်ဆုံးတော့ Task Killer နဲ့ရှင်းရတယ်။ ကျွန်တော်သုံးတဲ့နည်းပြောပြမယ်နော် . .
[URL="http://www.softpedia.com/get/System/Launchers-Shutdown-Tools/Task-Killer.shtml"]ဒီကနေ[/URL] Task Killer 2.30 ကို ဒေါင်းပြီး တင်လိုက်တယ်။ ပြီးရင် Run လိုက်တယ်။
mgy.exe က C:\Windows\system32 , C:\windows အောက်မှာ hidden file အနေနဲ့ရှိပါတယ်။ ပြီးတော့ C:\ အောက်မှာ autorun.inf နဲ့ mgy.exe ဆိုပြီး ရှိနေပါသေးတယ်။ နောက် partition ခွဲထားရင် အဲဒီ partition ထဲမှာလဲရှိနိုင်ပါတယ်။
အရင်ဆုံး သူရှိမယ့် နေရာတွေကို ဖွင့်ထားပါ။ ပြီးရင် Folder Option မှာ Show hidden files and folder ကိုရွေး ။ Hide protected operation system files ကို check ဖြုတ် . OK မလုပ်ပါသေးနဲ့ဦး . ဒီအတိုင်း ခဏထားလိုက်ပါဦး။
စောစောက တင်ထားတဲ့ task killer ဆော့ဝဲလ်ကို run ပါ။ system tray မှာ အရိုးခေါင်းပုံနဲ့ ပေါ်နေပါမယ်။ click လိုက်ပါ။ Run နေတဲ့ process တွေမြင်ရပါမယ်။
ကဲ . . စပါမယ် . . လက်မြန်ပါစေနော် . . .
စောစောကမှတ်ထားတဲ့ process တွေကို click လိုက်ပါ။ Program "(mgy.exe)" will be unloaded ဆိုတာပြောပါမယ် . Ok လိုက်ပါ။ မြန်မြန် unloaded လုပ်ပါ။
ပြီးရင် စောစောက Folder option ကို Apply , Ok လုပ်ပါ။ C:\Windows\system32 အောက်မှာ mgy.exe ပေါ်လာပါမယ်။ ချက်ချင်း ဖျက်ပစ်ပါ။ သူရှိတဲ့ နေရာတိုင်းကိုသွားဖျက်ပါ။ C:\ D:\ စတဲ့နေရာတွေမှာပါ။ autorun.inf နဲ့ mgy.exe နှစ်ခုလုံးဖျက်ပါ။ ပြီးတော့ စတစ်ထဲမှာ ရှိရင်လည်းဖျက်ပါ။ အဲ စတစ်ကို double click လုပ်ပြီး မ၀င်မိပါစေနဲ့ ။
ဒါဆိုရင် ဒီကောင် မလုပ်မလုပ်နိုင်တော့ပါဘူး။
နောက်ဆုံးအနေနဲ့ Run command ကိုသုံးပြီး C:\WINDOWS\system32\{271287-000021-100287-705016} ကိုသွားပါ။ နောက် အဲဒီ Folder ထဲက ဖိုင်အားလုံးဖျက်ပါ။
Start > Run ကနေ msconfig ကိုခေါ်ပါ။ startup မှာ mgy.exe ကိုဖြုတ်ပါ။
အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။

နတ်ဆိုး- Posts : 4
Join date : 2010-07-22
Re: mgy.exe virus ရှင်းမယ်
mgy.exe virus နဲ့ ပတ်သတ်ပြီးရှင်းလင်းနည်းတွေရှိပါတယ်.
ဒါပေမယ့် ဒီနည်းလေးက လွယ်ကူတဲ့အပြင် သိပ်လည်းအချိန်ပေး
ရခြင်းမရှိပါဘူး...အခြားနည်းလမ်းများကိုလဲဆက်လက်တင်ပြပေးသွားပါမည်.
ဒါပေမယ့် ဒီနည်းလေးက လွယ်ကူတဲ့အပြင် သိပ်လည်းအချိန်ပေး
ရခြင်းမရှိပါဘူး...အခြားနည်းလမ်းများကိုလဲဆက်လက်တင်ပြပေးသွားပါမည်.
နတ်ဆိုး- Posts : 4
Join date : 2010-07-22
Page 1 of 1
Permissions in this forum:
You cannot reply to topics in this forum
|
|
Sat Nov 19, 2016 12:20 am by Admin
» ဝိုင်သောက်သုံးခြင်းက အမျိုးသမီးများအား အဆီကျလှပစေ
Mon Jan 26, 2015 3:57 am by jayko
» ကွန်ပြူတာ Windows တင်နည်း
Mon Mar 05, 2012 3:51 am by starmoe141
» Desktop ပေါ်မှာအလှဆင်လိုသူများအတွက်
Thu Jul 22, 2010 10:07 pm by နတ်ဆိုး
» mgy.exe virus ရှင်းမယ်
Thu Jul 22, 2010 9:51 pm by နတ်ဆိုး
» l
Tue Jul 20, 2010 8:31 am by Admin
» ကျန်းမာရေး သော့ချက်များ
Wed Jul 07, 2010 7:46 am by hapmalaysia